Local News

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးများထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြိးအတွင်းရှိ မြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့လျက်ရှိသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှု ရှိပြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ဒေသအခေါ် ကွင်းဈေး အစိုပေါင် ၅၀ (၅၅၀၀၀၀/-) ဖြစ်သည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်တွင် အစို ၅၅ ပေါင် (၆၃၀၀၀၀/- - ၆၅၀၀၀၀/-) ရှိနေပြီး အခြောက်ခံပြီးဈေးနှုန်းမှာ (၇၂၀၀၀၀/-) ဖြစ်သည်။ အိမ်မဲမြို့နယ်၏ ကောက်စောစပါး ကွင်းဈေးနှုန်းမှာ (၇၂၀၀၀၀/- - ၇၃၀၀၀၀/-) ဖြစ်သည်။

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်နှင့် ဇလွန်မြို့နယ်များတွင် ဒေသအခေါ် ကွင်းဈေး ပေါင် ၁၀၀ (၆၀၀၀၀၀/-) ဖြစ်သည်။ ဟင်္သာတမြို့နယ်အတွင်း ဝယ်ယူမှုနှင့် တောင်သူများမှ စက်ပိုင်များ အား သွားရောက်ရောင်းချမှု အနည်းငယ်ရှိသည်။

 ဈေးကွက်အခြေအနေမှာ စပါးထွက်ရှိမှုနည်းပါးနေသေးခြင်း၊ လတ်တလောကုန်သွယ်မှု လမ်းကြောင်းများ ပိတ်ဆို့ထားမှုများကြောင့် စပါးဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလျက်ရှိသည်။

Category: Local News